Pages

Pages

ဂွမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ



ဂွ    မတ်  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမတွင် ယနေ့၊ နေ့လယ်(၁၂)နာရီက  ကလေးအလုပ်သမား ပပျောက်‌ရေး အသိ ပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သော နေရာများ၊ ကလေးအလုပ်သမားများ  များပြားလာရသည့် အကြောင်းရင်း၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေမှုအခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှု အခြေအနေများ အကြောင်းကို အသိပညာ‌ပေး

 ဟောပြောခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment