Pages

Pages

မြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ်ဆေးကုသ ခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့ ကြေးငွေ ပေးအပ်

ဂွ   မတ်  ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့၊ နေ့လယ်ပိုင်းတွင် ဆေးရုံ၌ ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ၂၀၂၄-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(ဂွ)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆို

ရမည့် ကျောင်းသူတစ်ဦးသည် ဆီးချိုရောဂါအဆင့်-(၁)ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် မတ်လ(၁၀)ရက်နေ့မှ စတင်ကာ ဆေးကုသမှု ခံယူနေရပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဆေးရုံ၌သာ ဖြေဆိုနေရသောကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment