Pages

Pages

ဂွမြို့နယ်တွင်လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေး(Talk Show)ကျင်းပ




ဂွ   မတ်    ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့ မွန်းလွဲ(၂)နာရီက လူငယ်နှင့် ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေးTalk Showကို လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Showတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်မှ ဖြူနှင်းခင်ရေးသားသည့် လူငယ်နှင့် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်းပါးတွင်ပါရှိသည့်  လူငယ်များအနေဖြင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးအကြောင်းကို မေးမြန်းဆွေးနွေးခဲ့ရာ ယနေ့ကာလတွင် ကျန်းမာရေးချို့တဲ့ခြင်းသည် ကြီးစွာသော ပြဿနာပင်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို နေ့စဥ်ပုံမှန်ပြုလုပ်သင့်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် လူငယ်များအတွက် အကျိုး ကျေးဇူးများစွာကို ရရှိနိုင်ကြောင်းကို လုပ်သားရုပ်သံ ဒေါ်ခင်မို့မို့ကျော်က ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment