ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရွှေတောင်မြို့နယ်အတွင်းရှိ နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရွှေတောင်မြို့နယ်အတွင်းရှိ နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ



ရွှေတောင် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန် မှာကြားချက်များနှင့်အညီ ပြည် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး ကြီးကြပ်မှုကော်မတီ) ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကော်မတီပါ ဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက  ဝါးတောကျေးရွာ ရွှေငါးကြင်းပေါ် ဘုရားဓမ္မာရုံတွင် ဆည်ကြီးကုန်းဆည် (ကျေးလက်ဆည်ထိန်းသိမ်းရေး ကော်မတီမှ ထိန်းသိမ်းထားသည့်ဆည်)ရေဖြင့်  နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြည်ခရိုင်အတွင်း ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းဆည်ရေဖြင့် ဒေသခံတောင်သူများမှ နွေနှမ်းလျာထားဧက (၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များနှင့် သွင်းအားစု၊ မျိုးပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများတွင် ဆည်ရေဖြင့် တတိယသီးနှံ နွေနှမ်းလျာထားဧက (၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ တူးဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ရေပေးဝေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့သည်။တွေ့ဆုံပွဲသို့ ဒေသခံတောင်သူ (၇၈) ဦးခန့်တက်ရောက်ခဲ့ပြီး ပြည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများသို့ မကွေးနှမ်းနက် (၁/၂၀၂၄) မျိုးများ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝါးတောကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းဆည်သို့ သွားရောက်ပြီး ဆည်မြောင်းဦးစီးဌာနမှ (၂၀၂၄-၂၀၂၅)ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားခဲ့သည့် ဆည်ကြီးကုန်းဆည် ရေပိုလွှဲနှင့် ရေပေးမြောင်း တည်ဆောက်ပြုပြင်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းဦးစီးဌာနနှင့် ကျေးလက်ဆည်ထိန်းသိမ်းရေး ကော်မတီတို့အား လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)