သံတွဲမြို့၌ နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ နေအိမ်သုံးလုံးမီးလောင်မှုဖြစ်ပွား






သံတွဲ        မတ်   ၂၄

သံတွဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်းသွယ်အတွင်း ယမန်နေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က လူနေအိမ်(၃)လုံးမီးလောင်ကျွမ်းဖြစ်ပွါးခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်ရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကီးထန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနေလင်းကျော် ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၂၆ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင်းသွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၁:၂၀ နာရီခန့်တွင်မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့မီးလောင်ကျွမ်းမှုမှာ ထမင်းချက်သည့်မီးပလပ်ခုံအပူလွန်ကဲပြီး ဝါယာကြိုးမှတစ်ဆင့် ၎င်းအပေါ်ရှိအဝတ်စအား မီးကူးစက်ရာမှ (၁၅x ၄၀)ပေရှိ အုပ်ညှပ်နှစ်ထပ်အိမ်(၁)လုံး၊ (၁၅x ၂၀)ပေရှိ သိပ်မိုး၊ ပျဉ်ကာ တစ်ထပ်အိမ်(၂)လုံး စုစုပေါင်း လူနေအိမ် (၃)လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူ (၂၃)ဦးတို့မှာ နီးစပ်ရာ ဆွေမျိုးများနေအိမ်တို့တွင် ယာယီနေထိုင်လျက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရှိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)