ဇေယျာသီရိ မတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေဆင်းကျေးရွာအုပ်စု၊ ရွှေတွင်းကုန်းကျေးရွာ၌ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
လှူဒါန်းပေးရာတွင် ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ရေဆင်းကျေးရွာအုပ်စု ရွှေတွင်းကုန်းကျေးရွာမှ အိမ်ခြေ ၁၀၀ ခန့်အား သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် ရေဂါလန် ၂၄၀၀ ကို အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
https://t.me/MyanmarNationalPost
No comments:
Post a Comment