ပန်းတနော် မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်ရေတွင်း၊ ရေကန်၊ ရေစက်ရုံနှင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ဆပ်သေကျေးရွာအုပ်စု ရေကန်စုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့နယ်ရှိ (NEP) စီမံကိန်းဖြင့် ဓာတ်အားရရှိသော ကျုံသနောင် အေးပုံစု ကျုံသမျှင်ကျေးရွာများအတွက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment