အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးနှင့် ဆယ်ကျော် သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးနှင့် ဆယ်ကျော် သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ




အမ်း- မတ် ၂၁

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ 

ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက်

စာဖတ်ခြင်း စာအုပ်ဖြင့် စာဖတ် ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းအချိန် က ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူ ကျောင်းသားကျောင်းသူများအား စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်၊ စာပေအကြောင်း သိကောင်းစရာများ၊ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိ ပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာဆရာ အမ္ဗနဒီ သန်းကြွယ် က ဖေမြင့် ရေးသားသည့် စာဖတ်ခြင်းဖြင့် ဘဝတိုး တက်မှုရရှိလိုလျှင် ဆောင်းပါးမှ စာကိုဘယ်လိုဖတ်သလဲခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က လူငယ်များ ဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ညွှန့်ဝေမိုး ရေးသားသည့် အနာဂတ်ရိတ်က္ခာ စာဖတ်ပါ ဆောင်းပါးပါအကြောင်းအရာများကို လည်းကောင်း၊ ပီမိုးနင်း ရေးသားသည့် ဘာကြောင့် စာဖတ်ရသလဲ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ 

 ထို့နောက် မောင်ဝေယံ၊ မောင်ကောင်းထက်ကျော်၊ မတင်တင်မိုး၊မတင်ဇာဝင့်ကျော်တို့က ကလေးနှင့်ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း စာအုပ်မှ စာဖတ်ခြင်းအကျိုး၊ စာအုပ်စာပေထဲက အကျင့်နဲ့ စရိတ္တ ဆောင်းပါးတွင်ပါရှိသည့် အ ကြောင်းအရာများကိုဆွေးနွေးခဲ့ပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို  မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့်တာဝန် ရှိသူများက မေးမြန်ချက်များနှင့်ပတ်သတ်၍ ခြုံငုံသုံးသတ်ဆွေး နွေးပြောကြားခဲ့ကြသည်။

အဆိုပါ ကျောင်းသားကျောင်းသူများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာ‌စောင်ပြထားရှိမှုအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများကို ဆွေး နွေးပြောကြားခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)