Pages

Pages

ရွှေတောင်မြို့နယ် တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုမှုဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 



ရွှေတောင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ၊ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုမှုဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

       အခမ်းအနားတွင် ရွှေတောင်မြို့နယ်၊  မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲ နည်းပြများဖြစ်    သည့် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီ၊ ဒေါ်ဇာဇာဆွေနှင့် အ.မ.က မင်းတဲကျွန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစည်သူအောင်နှင့် အလက(ခွဲ) ဂွေးတောက်မြောင် ၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနိုင်တို့မှ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုနည်း၊ BMIတွက်ချက်နည်းနှင့် အစာအုပ်စု 4Starနှင့်ညီအောင်ကျွေးနည်းများကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဆရာ၊ဆရာမများကသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

    အဆိုပါ ဆွေးနွေးပွဲသို့ ရွှေတောင်မြို့နယ်အတွင်းရှိ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းပေါင်း ( ၁၇၉) ကျောင်းရှိ တစ်ကျောင်းလျှင် ( ၂) ဦး စုစုပေါင်း ( ၃၅၈) ဦးတက်ရောက်ခဲ့ပြီး ၂၁ နေ့မှ၂၂ရက်နေ့ထိ( ၂)  ရက်တာဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment