Pages

Pages

ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး စနစ်တကျ သုံးစွဲခြင်းဆိုင်ရာလက်တွေ့သင်တန်းဖွင့်လှစ်




ရွှေတောင် မတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ယမန်နေ့ နံနက်ပိုင်းက မဲခေါင်- လန်ချန်း နည်းပညာပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း ( ၂၀၂၁) "Biologic Vaccine Usage Of Training for CAHW  တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး စနစ်တကျ သုံးစွဲခြင်းဆိုင်ရာလက်တွေ့သင်တန်း"   ဖွင့်လှစ်ကျင်းပခဲ့ကြောင်းသိရသည်။ 

          အခမ်းအနားတွင် မြို့နယ် မွေးမြူရေးနှင့်    ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို နှစ်ရက်သာဖွင့်လှစ်သွားမည်ဖြစ်ပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) (၁၀) ဦးတက်ရောက်၍ သင်တန်းမှ ဇီဝလုံခြုံမှု ယေဘုယျရောဂါနှင့်ပတ်သက်၍ ပြုစုကုသခြင်းများ၊ ရောဂါမှတ်တမ်းကောက်ယူခြင်း၊ အစီရင်ခံခြင်းနှင့် သတင်းအချက်အလက်များမျှဝေခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့်နားကပ်အမှတ်အသားတပ်ဆင်ခြင်း၊ အထွေထွေကုသခြင်း စသည့်အကြောင်းအရာများကို  မြို့နယ် မွေးမြူရေးနှင့်   ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး   ဦးစီးဌာနမှ သိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment