Pages

Pages

မိုးညှင်းမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်



မိုးညှင်း မတ် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဦးစွာ သင်တန်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေပြည်ဟိန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရ ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အရည်အသွေးပြည့်မီစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးနေသော ဆရာ၊ ဆရာမများ၏ အရည်အချင်းများ ပြည့်မီနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ အသိအမြင် ဖလှယ်နိုင်မည့် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သတ်မှတ်စာသင်ခန်းများတွင် သင်တန်းသား၊ သင်တန်းသူများအား သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမများက သင်ခန်းစာများကို ဆက်လက်ပို့ချပေးလျက်ရှိပြီး မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းများပို့ချပေးနေမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၁၂၀၁)ဦးဖြင့် အ-ထ-က (၁)နှင့် အ-ထ-က (၂)တို့တွင် သင်တန်းနည်းပြ (၈၂)ဦးက သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment