Pages

Pages

လပွတ္တာမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက် ရိတ်သိမ်းပွဲကျင်းပ

 



လပွတ္တာ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာတခရိုင်၊ လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ​(၁)မိုင်ရှမ်းစုကျေးရွာ တောင်သူဦးခင်စိုး၏ ကွင်းအမှတ် (၅၈၂)၊ ဦးပိုင်အမှတ် (၁၆)၊ ဧရိယာ(၁၀.၈၆)ဧကတွင် ဆောင်းသီးနှံနေကြာစံပြကွက် Super Sun-41 စိုက်ပျိုးထားသည့် စိုက်ခင်းစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲသို့ လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ရှမ်းစုကျေးရွာ တောင်သူ ဦးခင်စိုး၏ လယ်မြေ(၁၀.၈၆)ဧကတွင် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းခြွေပြီး တစ်ဧကလျှင် နေကြာ အစိုတင်း(၃၃.၁၀)တင်း၊ အခြောက်တင်း(၂၆.၈၁)တင်း ထွက်ရှိကြောင်းသိရသည်။


မူမူ

https://t.me/MyanmarNationalPost

No comments:

Post a Comment