ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံက အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင် သံအမတ်ကြီးများအား အလုပ်သဘောနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟာဗားနားမြို့ မြန်မာသံရုံးယာယီတာဝန်ခံက အာဆီယံကော်မတီဟာဗားနား၏ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် အဖွဲ့ဝင် သံအမတ်ကြီးများအား အလုပ်သဘောနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ခြင်း



ဟာဗားနား၊ မတ် ၇

ဟာဗားနားမြို့ မြန်မာသံရုံးအနေဖြင့် အာဆီယံကော်မတီဟာဗားနား (ASEAN Committee in Havana, Cuba-ACHC) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မကြာသေးမီက ကျူးဘားနိုင်ငံသို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိ လာသည့် ဗီယက်နမ်သံအမတ်ကြီးသစ် H.E. Mr. Le Quang Long အား ကြိုဆိုခြင်းနှင့် အာဆီယံ ကော်မတီ၏ အလုပ်သဘောနေ့လည်စာစားပွဲတစ်ရပ်ကို မြန်မာသံရုံး၊ သံရုံးယာယီတာဝန်ခံ က ကြီးမှူး၍ ၆-၃-၂၀၂၄ ရက်နေ့၊ နေ့လည် ၁၂:၃၀ နာရီတွင် ဟာဗားနားမြို့ရှိ Royalton Hotel ၊ Panoramic Restaurant ၌ တည်ခင်းဧည့်ခံခဲ့သည်။

အလုပ်သဘောနေ့လည်စားပွဲ၌ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် အာဆီယံကော်မတီ၊ ဟာဗားနားအား ၂၀၂၁ ခုနှစ်တွင် တရားဝင်ဖွဲ့စည်း ခဲ့ပြီးနောက် အက္ခရာစဉ်အတိုင်း အလှည့်ကျဥက္ကဋ္ဌ တာဝန်များ လက်ခံ၍ ဆောင်ရွက်ခဲ့ရာ အဖွဲ့ဝင်များအကြား နီးကပ်သည့် ချစ်ကြည်ရင်းနှီးမှုများကို ဖော်ဆောင်နိုင်ခဲ့ပြီး အိမ်ရှင်နိုင်ငံနှင့် ACHC အကြား ထိတွေ့ဆက်ဆံမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး၊ ဗီယက်နမ် သံအမတ်ကြီးသစ်အား ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့ကာ ACHC အနေဖြင့် ဆောင်ရွက်ပြီးသည့် ကိစ္စရပ်များ၊ လတ်တလောဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆောင်ရွက် ရန် လျာထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံသံရုံးအကြီး အကဲများအကြား အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကာ အလုပ်သဘောနေ့လည်စာစားပွဲမှာ မွန်းလွဲ ၂:၃၀ နာရီတွင် ပြီးဆုံးခဲ့သည်။ 

အဆိုပါနေ့လည်စာစားပွဲသို့ ACHC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးများ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)