၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ အလယ်တန်းဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ

 


ရေကြည် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအတွက် ဘာသာရပ် စွမ်းရည်မြှင့် (မြို့နယ်အဆင့်) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က အ.ထ.က(၁) ရေကြည်ကျောင်းရှိ တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်‌အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးက ကျောင်းသား/ကျောင်းသူများအားလုံး၏ ပညာရေး မြင့်မားရေးကို နိုင်ငံတော်၊ ပညာရေးဌာန၊ မိဘများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ သင်ကြားမည့်  ဘာသာရပ်အလိုက် သင်ခန်းစာများအား ဆွေးနွေးပေးခြင်းဖြင့် ဆရာ/ ဆရာမတို့၏ သင်ကြားမှုစွမ်းရည်မြင့်မားလာပြီး ကျောင်းသား/ ကျောင်းသူများ၏ နားလည်မှု စွမ်းရည်သည်လည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဆိုင်ရာ လမ်းညွှန်မှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို (၅) ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)