အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြပွဲကျင်းပ




အမ်း- မတ် ၂၂

   ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ် စာစောင်ပြသ‌ဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

  ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က

ကျောင်းနေအရွယ် စာပေချစ်မြတ်နိုးသူ လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ၊ လူကုန်ကူးခြင်းဖြစ် လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကိုဆန့်ကျင်ပြီး မှားသည့်လုပ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူး သူများ၏လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေးအ ကြောင်းအရာများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

  ထို့နောက် ကျောင်းနေအရွယ် စာပေချစ်မြတ်နိုးသူ လူငယ်များက လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး နံရံကပ်စာ စောင်ပါ အကြောင်းအရာများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)