မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေး တက်ရောက်



မကွေး မတ် ၂၅

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က   လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှုအခြေအနေအား တာဝန်ရှိသူများအနေဖြင့် လုပ်ထုံးလုပ်နည်း၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်၍ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က (၄/၂၀၂၃-၂၀၂၄) အစည်းအဝေးတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များမှ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှုအခြေအနေအား Power point ဖြင့် ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းမှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေး ကော်မတီဝင်များကအစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်(၂၄)ဦး၏ အချက်အလက်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထား အချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချထားပေးနိုင်ရေး အတည်ပြုဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခင်အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် ဦးရေ (၁၁၅၂)ဦး ရှိခဲ့ရာ ယခု (၂၄)ဦး ထပ်မံခွင့်ပြုပေးခဲ့သဖြင့် စုစုပေါင်း(၁၁၇၆)ဦး လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)