တောင်ကုတ် မတ် ၃၀
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသော ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ဖောင်တော်ဦးစေတီတော် ဓမ္မဝိဇယ သာသနာ့ ဗိမာန်တော်ကြီး တွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က တတိယနေ့အဖြစ်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ဖြေဆိုလျက်ရှိရာတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဓမ္မာစရိယ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာအပါး(၅၁)ရှိသည့်အနက်မှ သံဃာ(၂၅)ပါးမှ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာ(၁)ဘာသာရပ်ကိုဖြေဆိုလျက်ရှိကြောင်းသိရသည်။
စာဖြေသံဃာတော်များ အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝတ္တုငွေများဆက်ကပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment