ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီ ပန်းချီအခြေခံရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်




ကသာ မတ် ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူလေးများ ကျောင်းသင်ခန်းစာတွင် စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချ တတ်စေရန်၊ ပန်းချီအခြေခံရေးဆွဲနည်းကို စနစ်တကျလေ့ကျင့်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာရပ် စိတ်ဝင်စားစွာလေ့လာနိုင်စေရန်၊ သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသွားကြရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပန်းချီသင်တန်းနည်းပြဆရာမ ဒေါ်တင်မာဌေးက ပန်းချီသင်တန်းတွင် ဆောင်ရွက်ခဲ့သော ဆန်းစစ်ချက်များ၌ တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။


နွေရာသီအခြေခံပန်းချီသင်တန်း၌ အပတ်စဉ်စနေနေ့တိုင်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ရာတွင် ပန်းချီအခြေခံရှုခင်းပုံအဆင့်ဆင့်ရေးဆွဲနည်းများ၊ သက်ငြိမ်ပန်းချီရေးဆွဲနည်းများ၊ လူပုံအဆင့်ဆင့်ရေးဆွဲနည်းများနှင့် စိတ်ကူးပုံဖော်ရေးဆွဲနည်းတို့တွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဒေါ်စောကလျာက သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား/ ကျောင်းသူများ အသိပညာ အတတ်ပညာများ တိုးပွားလာစေရန်အတွက် ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။


ကျော်စွာ(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)