စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး ကင်းကျေးရွာရှိ ထိုင်ဝမ်ဘုန်းကြီးကျောင်းအတွင်း PDF အကြမ်းဖက်သမားများ က စခန်းချနေထိုင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး ကင်းကျေးရွာရှိ ထိုင်ဝမ်ဘုန်းကြီးကျောင်းအတွင်း PDF အကြမ်းဖက်သမားများ က စခန်းချနေထိုင်လျက်ရှိ


စစ်ကိုင်း၊ မတ် ၃၀

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ထုံးဘို‌ကျေးရွာတွင်အ‌ခြေပြုနေထိုင်လျက်ရှိသည့် PDF များသည် ကင်းကျေးရွာရှိထိုင်ဝမ်ဘုန်းကြီးကျောင်းသို့ နယ်မြေချဲ့ဝင်ရောက်လာပြီး အခိုင်အမာစခန်းတည်ဆောက်ထားကြောင်း၊ ကင်းကျေးရွာရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတွင် အစိုးရဝန်ထမ်းများတစ်ဦးမှ မရှိတော့ဘဲ အရပ်သားအကြမ်းဖက်အားပေးများမှ PDF များအား ဆက်ကြေးပေး၍ သံခွန်သင်္ဘောများအားတည်ဆောက်နေကြောင်း တည်ဆောက်နေကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများကို ဆက်ကြေးပေး၍ သင်္ဘောများအား မြစ်ကြောင်းရွှေတူးဖေါ်ရေး လုပ်ကိုင်သည့် ဗန်းမော်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်များသို့ ပြန်လည်ရောင်းချနေကြောင်း၊ လစဉ် သင်္ဘောစင်းရေ( ၈ )စီးခန့်ပုံမှန်တည်ဆောက်လျက်ရှိကြောင်း၊ မတ် ၂၆ ရက်နေ့တွင် PDF များသည် မင်းကွန်းမြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းရွာသို့ရောက်ရှိလာပြီး ၎င်းတို့အားထောက်ခံသူ ရွာသား(၇)ဦးအား မောင်းပြန်လက်နက်များ တပ်ဆင်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်၌ PDF များသည် ကင်းကျေးရွာ၊ ရှားရောင်းကျေးရွာများသို့ရောက်ရှိနေထိုင်ပြီး နေ့ဘက်များတွင် မင်းကွန်းခြင်္သေ့ကြီး၊ ပုထိုးတော်ကြီးအထိ သေနတ်များကိုင်ဆောင်၍သွားလာနေကြောင်း၊ မင်းကွန်းရဲစခန်းအနီးရှိ ဈေးဆိပ်၊ သဲဖြူချောင်း၊ ရှားရောင်းရွာတို့မှ ပြည်သူများအားပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံက ဆက်သွယ်ပြောဆိုသည်။

ရွာသူရွာသားများ ဘုန်းကြီးကျောင်းများသို့ပြောင်းရွှေ့နေကြကြောင်း၊ ယခင်စခန်းမှူးမှာ ထိုင်ဝမ်ကျောင်းထိနေ့စဉ်လှည့်ကင်းထွက်သော်လည်း လက်ရှိ မင်းကွန်းစခန်းမှူးမှာ အပြင်သို့မထွက်ရဲကြောင်း၊ ရွာလူထုအနေဖြင့် PDF အကြမ်းဖက်သမားများမှ မင်းကွန်းရဲစခန်းအား ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေပြီး သက်ဆိုင်ရာ တပ်/ရဲတပ်ဖွဲ့များအနေဖြင့် PDF များအားကြိုတင်တိုက်ခိုက်နှိမ်နင်းစေလိုကြောင်း ဆက်သွယ်ပြောဆိုသည်။

PDF အကြမ်းဖက်သမားများသည် ရှားရောင်းကျေးရွာ၊ ကင်းကျေးရွာတို့မှ ၎င်းတို့အား မထောက်ခံ၍ ထွက်ပြေးနေသောသူများ၏ နေအိမ်သော့များအားရိုက်ဖွင့်ပြီး နေအိမ်အတွင်းရှိ ပစ္စည်းများကို နေ့စဉ် ထုံးဘိုရွာသို့သယ်ဆောင်၍ ယူနေကြောင်း ဒေသခံများ၏ ဆက်သွယ်သတင်းပေးပို့ချက်အရ သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)