စံဝေါဟာရရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စံဝေါဟာရရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



ရန်ကုန်၊ မတ် ၃၁

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနှင့် Global Direct Link Co.,Ltd တို့ အကျိုးတူဆောင်ရွက်လျက်ရှိ သည့် The Global New Light of Myanmar သတင်းစာတွင် အသုံး အနှုန်းနှင့် နေ့စဉ်သုံးစွဲနေသော ဝေါဟာရများအား စံတစ်ခုအနေဖြင့် ပိုမိုစနစ်တကျရှိစေရန် သတင်းစာ စာတည်းဌာနမှ ဘာသာပြန်ဆိုခြင်းလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။

ဦးစွာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်ဆွေက အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ညွှန်ကြားရေးမှူး မစ္စဖန်လီဖင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် The Global New Light of Myanmar သတင်းစာ အကြံပေးပုဂ္ဂိုလ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ဆွေးနွေးညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ ပညာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာတည်းဌာနက အဆိုပြုတင်ပြထားသော သတင်းစာတိုက်၏ သတင်းစာအသုံးအနှုန်းနှင့် နေ့စဉ်သုံးစွဲနေသည့် ဝေါဟာရများအနက်မှ အချို့ကို စိတ်ပါဝင်စားစွာ ဆွေးနွေးကြပြီး သင့်လျော်သော စကားအသုံးအနှုန်းများကို ရွေးချယ်ခဲ့ကြသည်။

ထို့နောက် စာတည်းမှူးချုပ် ဦးအောင်သူရက ကျေးဇူးတင်စကားပြောကြားပြီး သတင်းစာတိုက်မှ တာဝန်ရှိသူများက တက်ရောက်လာသော ပညာရှင်များနှင့် ဧည့်သည်တော်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ညွှန်ကြားရေးမှူး မစ္စဖန်လီဖင်း၊ သတင်းမီဒီယာကဏ္ဍမှ ဝါရင့်ဘာသာပြန်ပညာရှင် များ၊ The Global New Light of Myanmar သတင်းစာတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစား စာတည်းမှူးချုပ်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ဘာသာပြန်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)