Pages

Pages

ပေါက်ကိုယ်တော်နှင့် ပြည်တွင်း/ ပြည်ပ မှ ဒကာ၊ ဒကာမများက ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်း







နောင်ချို၊ မတ် ၅

နောင်ချိုမြို့နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထံ ပေါက်ကိုယ်တော် ဦးဆောင်၍ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ ထပ်မံ၍ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါက်ကိုယ်တော်က "လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ အတွက် စားသောက်ဖွယ်ရာ၊ ဆေးဝါးတွေ ထပ်ပြီး သွားပို့ပေးခဲ့တယ်။ ဆရာတော်ဦးဝီရသူ ဆီက ရတဲ့ အန္တရာယ်ကင်း ပရိတ်ကြိုးတွေလည်း ပါတယ်။ မျက်စဉ်းဆေးလည်း ပါတယ်။ မျက်စိ ထိခိုက်မိတဲ့ တပ်မတော်သားတွေကို ကိုယ်တိုင်ဆေးထည့်ပေးခဲ့သေးတယ်။" ဟု မိန့်ကြားသည်။

ပေါက်ကိုယ်တော်သည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာ၊ ဆေးဝါးများ မကြာခဏ လှူဒါန်းထောက်ပံ့ပေးလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ဒကာ၊ ဒကာမများကလည်း ပူးပေါင်းပါဝင်လှူဒါန်းကြသည်။


#News

No comments:

Post a Comment