Pages

Pages

ကနီမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေသည့် NUG အကြမ်းဖက်အဖွဲ့က တပ်မတော်က ဓာတုဗုံးကျဲသည်ဟု စွပ်စွဲ



ကနီ၊ မတ် ၅

ကနီမြို့သိမ်းတိုက်ပွဲဟု ကြွေးကြော်၍ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ကနီမြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး တပ်မတော်က နှိမ်နင်းဆောင်ရွက်သည့်အခါ ဓါတုဗုံးဖြင့်ကျဲသည်ဟု ၎င်းတို့၏ ဝါဒဖြန့် စာမျက်နှာများမှ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ဝါဒဖြန့် အကြမ်းဖက်လှုံ့ဆော်စာမျက်နှာတစ်ခုတွင် "ကနီမြို့တိုက်ပွဲတွင် စစ်ကောင်စီက ဓါတုဗုံးကျဲ" ဟု စွပ်စွဲရေးသားထားသည်ကို တွေ့ရသည်။

ထိုသို့ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က လုပ်ကြံဖန်တီးရေးသားဖြန့်ဝေနေမှုများနှင့် ပတ်သက်၍ လေ့လာသူ တစ်ဦးက "ဒါကတော့ မထူးဆန်းပါဘူး။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ သူတို့ အသာစီးရရင် အကြမ်းဖက်အဖွဲ့အလံထောင်ပြီး အောင်ပွဲခံမယ်။ သူတို့ အရေးမလှ အခြေအနေမဟန်ရင် တပ်က ဘယ်လိုလုပ်နေပါတယ်ဆိုပြီး ပေါက်ပန်းစေးတွေ ရေးသားကြမယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲလို့ ပြောတာ" ဟု သုံးသပ်ပြောဆိုသည်။

ယနေ့နံနက်ပိုင်း က ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ လူ့ငနွား PDF အကြမ်းဖက်သမားများက ဆေးကြောင်၍ ထင်ရာ မြင်ရာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် လေကြောင်းပစ်ကူဖြင့် ရှင်းလင်းခဲ့ရပြီး လေကြောင်းပစ်ကူ ပြန်လာချိန်တွင် PDF အကြမ်းဖက်သမားများက Drop Bomb များဖြင့် စဉ်ဆက်မပြတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။


#News


No comments:

Post a Comment