မင်းတုန်းမြို့နယ် မှန်(ရွာမ)နှင့် မှန်(ကျွန်းတော)ကျေးရွာတို့မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ် မှန်(ရွာမ)နှင့် မှန်(ကျွန်းတော)ကျေးရွာတို့မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်



မင်းတုန်း မတ် ၂၄

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် မှန်ကျေးရွာအုပ်စု၌ မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်က တောမီးလောင်ကျွမ်းရာမှတစ်ဆင့် မှန်(ရွာမ)ကျေးရွာတွင် အိမ်ခြေ ၉၆ လုံး၊ မှန်(ကျွန်းတော)ကျေးရွာတွင် အိမ်ခြေ ၅၇လုံး စုစုပေါင်း အိမ်ခြေ ၁၅၃လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျေးရွာဘုန်းကြီးကျောင်း၌ သရက်ခရိုင် ဘေးစီမံခန့်ခွဲမှုဦးစီးဌာနက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်မီးဘေးသင့် အိမ်ထောင်စု(၁၆၀)၊ လူဦးရေ (၅၅၁)ဦးအား ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး၊ သေဆုံး(၁)ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၃,၁၉၅,၇၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့်ခရိုင်ဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးတို့က မီးဘေးသင့် ပြည်သူများအား နှစ်သိမ့်အားပေးစကားပြောကြားပြီး လတ်တလော စားဝတ်နေရေးအတွက် ‌အလှူရှင်များနှင့်အတူ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကြသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မီးဘေးသင့်အိမ်ထောင်စုများအား ဆန်(၁၅၀)အိတ်၊ ဆီပိဿာ(၁၇၀)၊ ကုလားပဲ ပိဿာ(၁၇၀)၊ အိုင်အိုဒင်းဆား ပိဿာ(၁၇၀)၊ အသင့်စားခေါက်ဆွဲ ပါကင်(၃၀)နှင့် ရေသန့်ကတ်(၃၀၀) အား ထောက်ပံ့ပေးခဲ့ပြီး အလှူရှင်များမှလည်း လူသုံးကုန်ပစ္စည်းများနှင့် အခြောက်ခံစားသောက်ကုန်များ လာရောက်လှူဒါန်းခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)