မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်




MNP  ၊မင်္ဂလာဒုံ မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များစာအုပ်ဖြင့် ယနေ့နံနက် ၁၀နာရီတွင် ရုံးဝန်ထမ်းများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

         ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသိန်းထွန်းအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်သီရိဖြိုးအောင်က မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိရန် ညွှန်ကြားခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စန္ဒာမိုးက "နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို သိရှိလိုက်နာဆောင်ရွက်ရန်ကိစ္စ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ဖြူသီကိုက "ဘတ်ထရီများ စနစ်တကျ ကိုင်တွယ်အသုံးပြုရန်ညွှန်ကြားခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဌေးလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)