တခါသေဖူး ပျဉ်ဖိုးနားလည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တခါသေဖူး ပျဉ်ဖိုးနားလည်



မြန်မာစကားပုံတစ်ခု ဖြစ်ပါတယ်။ လူတွေပါးစပ်ဖျားမှာ စွဲနေသည်အထိ အသုံးတွင်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ တစ်ကြိမ်ရှုံး အမှတ်မရှိ၊ နှစ်ကြိမ်ရှုံး အမှတ်မရှိ ဖြစ်လာတဲ့အခါ "တစ်ခါသေဖူး ပျဉ်ဖိုးနားလည်" ဆိုတဲ့ စကားပုံနဲ့ ပြောကြပါတယ်။ လောင်းကစား လုပ်တယ်။ အကြိမ်ကြိမ်ရှုံးတယ်။ "တခါသေဖူး ပျဉ်ဖိုးနားလည်" ဆိုတဲ့ စကားနဲ့ပဲ အမှတ်မရှိတဲ့သူကို ပြောဆိုဆုံးမပါတယ်။ ဒါက လူတွေ ပြောတဲ့စကား ဖြစ်ပါတယ်။

ခွေးနွားတွေကြတော့ ဒါမျိုးပြောလို့ နားမလည်တော့ဘူး။ ခွေးနွားဆိုတာ ပဒက်တွေကိုပြောတာပါ။ ကိုယ်တွေကတော့ ပဒက်တွေကို KIA ရဲ့ အသုံးချခံ မဖြစ်စေချင်လို့၊ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ အသုံးချခံအဖြစ်နဲ့ ဘဝတွေ မနစ်မွန်းစေချင်လို့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ကြဖို့ မည်သို့ပင် ဖျောင်းဖြစေကာမူ ပဒက်တွေသည် လူမဟုတ်၊ လူစိတ်မရှိ၊ လူအသိမရှိတော့။ "တခါသေဖူး ပျဉ်းဖိုးနားလည်"ဟူ၍ ပြောမရတော့ပေ။

စစ်ကိုင်းတိုင်းဒသေကြီးအတွင်းရှိ ကောလင်းမြို့ကို KIA ဦးဆောင်မှုဖြင့် PDF ပဒက်အကြမ်းဖက်သမားများက သိမ်းသည်ဟူ၏။ KIA နှင့် PDF ပဒက် အကြမ်းဖက်သမားများ သိမ်းပိုက်ထားသည်ဆိုသော ခဏ၌ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများက ဂုဏ်ယူဝမ်းမြောက်စွာ ရေးသားဖော်ပြကြ၏။ ကောလင်းမြို့ကို NUG က ထာဝရသိမ်းပိုက်ထားတော့မည်ပုံစံမျိုး ဝါဒဖြန့်ကြ၏။ ခဏတာအတွင်း NUG အကြမ်းဖက်အဖွဲ့၏ နွေဦးဘဏ်ဖွင့်သည်ဟူ၍လည်း သတင်းလွှင့်ကြ၏။

A Few Moment Later ! တစ်လပင် မကြာ၊ ကျားဘီလူးစစ်ကြောင်းက ဝင်ရှင်းသောအခါ KIA, PDF ပဒက် အကြမ်းဖက်သမားများ ခွေးသေ ဝက်သေ သေကြရ၏။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ နှုတ်ဆိတ်သွားတော့၏။ ကျဆုံး ပဒက်လေးများအတွက် ကူညီပံ့ပိုးပေးရန်ပင် အသံမထွက်တော့ပေ။

ထိုသို့ ကြုံတွေ့ခဲ့ပြီး ဖြစ်သော်လည်း ပဒက်များမှာ အမှတ်မရှိ။ လူစိတ်မရှိ၊ လူအသိမရှိ။ တန့်ဆည်ကို မြို့သိမ်းတိုက်ပွဲဟု တိုက်ပြန်၏။ သေကြပြန်၏။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင်လည်း NUG အကြမ်းဖက်အဖွဲ့၏ ရုံး ဖွင့်သည်ဆို၏။ တခဏတာအတွင်းမှာပင် ပြာကျသွား၏။ ယခု အချိန်အထိလည်း ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူများနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုဖြင့် ပဒက်များမှာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန် ကြိုးပမ်းနေကြဆဲဖြစ်၏။ ကနီမြို့ကို တိုက်ခိုက်၏။ ပြည်ပြေး ဝရမ်းပြေး ကျည်လွတ်မြေတွင် နေထိုင်သူများက အခုပင် နိုင်တော့မလိုလို ဝါဒဖြန့်ကြ၏။ ၆-၃-၂၀၂၄ ရက်နေ့ ညပိုင်း KIAနှင့် PDF ပဒက်များ ကနီကို ဝင်ရောက်တိုက်ခိုက်ရာ လေကြောင်းပစ်ကူဖြင့် နှိမ်နင်းခဲ့ရ၏။ မျက်မြင်ထင်ရှား ပဒက် ၅လောင်း ရ၏။ ဘယ်နှလောင်း ပြန်ဆွဲသွားသည်ကို မသိရ။

ထိုသို့ ကြုံတွေ့ခဲ့ရသော သင်ခန်းစာများကို ထောက်ရှု၍ ပဒက်များမှာ မည်သို့ ပုံစံပြောင်း၍ ဆောင်ရွက်သင့်သည်ကို မစဉ်းစားတတ်၊ မကြံစည်တတ်။ ပြည်ပြေး ဝရမ်းပြေးများက ငွေပေးခိုင်းလျင် ဆင်ကန်းတောတိုး လုပ်ကြသည့် ခွေးနွားများပမာဖြစ်တော့၏။ "တခါသေဖူး ပျဉ်ဖိုးနားလည်" ပါဟု ခွေးနွားများကို ပြော၍မရ။ လူအသိမရှိ၊ လူစိတ်မရှိ၊ ဆင်ခြင်တုံတရားမရှိ။ ခွေးနွားများ ဖြစ်နေခြင်းကြောင့်သာ ဖြစ်တော့၏။


ဒေါင်းနင်း

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)