ပေါင်မြို့နယ်၌ အခြေခံမူလတန်းအဆင့် ၊အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်( မြို့နယ်အဆင့် ) သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ အခြေခံမူလတန်းအဆင့် ၊အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်( မြို့နယ်အဆင့် ) သင်တန်းဖွင့်လှစ်



ပေါင်        မတ်         ၂၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံမူလတန်းအဆင့်၊အလယ်တန်း အဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်(မြို့နယ်အဆင့်) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်  (၈း၃၀)နာရီက  အထက ပေါင်ရွှေရတုခန်းမ၌  ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပေါင်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက မူလတန်း အဆင့်ဘာသာ ရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း ၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းညွှန့်တင် က အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသို့ ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၆၂) ကျောင်းမှ ကျောင်းအုပ်ကြီး များနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၉၀၅) ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသား ၊သင်တန်းသူများအား သင်တန်းနည်းပြ ဆရာ၊ဆရာမ (၆၀) ဦးတို့က  မြန်မာစာ ၊အင်္ဂလိပ်စာ ၊သင်္ချာ၊ လူမှုရေး၊ သိပ္ပံဘာသာရပ် (၅) ခု အားလည်းကောင်း၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းသို့ အခြေခံပညာကျောင်း (၆၂) ကျောင်း မှ ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ဆရာမ စုစုပေါင်း ( ၃၇၈) ဦး

တို့တက်ရောက်ခဲ့ပြီး သင်တန်းသား ၊သင်တန်းသူများအား သင်တန်း နည်းပြ ဆရာ၊ဆရာမ (၂၄) ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ ၊သိပ္ပံ၊ သမိုင်းဘာသာရပ် (၆)ခုအား သင်ခန်းစာပြင်ဆင်ခြင်း၊ စာတွေ့ လက်တွေ့သင်ကြားခြင်း ၊သင်ထောက်ကူပစ္စည်းအသုံးပြုခြင်း၊ ပြန်လည်ဆွေးခြင်းနှင့် မေးခွန်းလွှာများပြုစုခြင်းတို့ ကို နေ့စဥ်  နံနက် ( ၉ ) နာရီမှ ညနေ ( ၄ ) နာရီအထိ ( ၆ )ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)