မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ထောက်ပံ့ငွေ ပေးအပ်




MNP ၊မိုးကောင်း မတ် ၉


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံ့စီးပွားမြင့်တင်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွေးလှိုင်မှ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းချေးငွေ သတ်မှတ်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သည့် သိုက်ဝါးကုန်းကျေးရွာကော်မတီ၊ အင်ကြင်းကုန်းကျေးရွာကော်မတီ၊ ပင်းကြိုင်းကျေးရွာကော်မတီ၊ မန်ရွက်ကျေးရွာ ကော်မတီ၊ ထီးချိုင့်ကျေးရွာကော်မတီ၊ အုန်းဘောင်ကျေးရွာကော်မတီနှင့် ရှမ်းရွာသစ်ကျေးရွာ ကော်မတီများထံသို့ စီမံကိန်း (ဒုတိယစက်ဝန်း) မတည်ငွေ စုစုပေါင်းကျပ်သိန်း (၃၄၀၀) ကိုထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းလွင်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)