မလှိုင်မြို့နယ်၌ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်




မလှိုင်  မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပညာရေးဌာနမှ ကြီးမှူး၍ စွမ်းရည်မြှင့်သင်တန်းများကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို မြို့သစ်(အ.ထ.က)ကျောင်း၌လည်းကောင်း၊ မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို မလှိုင်(အ.ထ.က)၌ လည်းကောင်း သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်း မစတင်မီ သင်တန်းသား/သူ ဆရာ/မများနှင့် တွေ့ဆုံ၍  ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်က စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စွမ်းရည်မြှင့်သင်တန်းကို ဆက်လက်၍ ဖွင့်လှစ်ပို့ချခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်း ကျောင်းခွဲ၊  အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲများမှ (Grade 6 မှ Grade 9)အထိ အလယ်တန်းအဆင့်သင် ဆရာ၊ဆရာမ (၃၂၈) ဦး  တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာ (၂၂)ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သိပ္ပံ၊ သမိုင်း ဘာသာရပ်များကို ပို့ချ သင်ကြားသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ (၂၅-၃-၂၀၂၄ ရက်နေ့မှ ၃၀-၃-၂၀၂၄)ရက်နေ့အထိ (၅)ရက် ကြာပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

အလားတူ မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ မလှိုင် (အ.ထ.က) ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ရာ မြို့နယ်အတွင်းမှ အခြေခံပညာကျောင်းများရှိ KG တန်းမှ Grade 5  အထိနှင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှ မူလတန်းအဆင့်သင် ဆရာ/မ (၉၉၆)ဦးတက်ရောက်ခဲ့ပြီး နည်းပြ(၅၈)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်များကို သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ အလယ်တန်းအဆင့်နှင့်အတူ (၂၅-၃-၂၀၂၄ ရက်နေ့မှ ၃၀-၃-၂၀၂၄)ရက်နေ့အထိ (၅)ရက် ပို့ချသွားမည်ဖြစ်သည်။ အလယ်တန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မောင်မြင့်မှ လည်းကောင်း၊  မူလတန်းအဆင့် စွမ်းရည်မြှင့်သင်တန်းကို ဒုတိယ မြို့နယ်ပညာရေးမှူး ဦးရဲမြင့်မှလည်းကောင်း၊ သင်တန်းရုံးအဖွဲ့များနှင့်အတူ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်ဌေး(မလှိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)