ကိုကျော်စိုးဦးနှင့် ပတ်သက်၍ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုကျော်စိုးဦးနှင့် ပတ်သက်၍



ကိုကျော်စိုးဦး အား ခေါ်ယူစစ်ဆေးနေသည့် အခြေအနေနှင့် ပတ်သက်၍ သူ့သတင်းများကို စောင့်ကြည့်နေသူများကလည်း သိချင်ကြပေမည်။ စိုးရိမ်သူများကလည်း ဆက်သွယ်မေးမြန်းကြသည်။ ကျွန်တော့်အနေဖြင့် လည်း စိုးရိမ်ရသည့်အခြေအနေ မရှိကြောင်းမှတပါး အခြားပြောစရာ စကားမရှိ။

ကိုကျော်စိုးဦး ၏ အမျိုးသမီးနှင့်လည်း အဆက်အသွယ်မပြတ် ရှိနေပါသည်။ ခင်ပွန်းဖြစ်သူ ယခုကဲ့သို့ ကြုံတွေ့ရသည့်အခါ သောက အရောက်ရဆုံးပင်ဖြစ်၏။ ကျွန်တော်၏ ဇနီးလည်း ထိုသို့သော အဖြစ်မျိုးကို ကြုံဖူးသည်။ ထိုသို့သောအဖြစ်မျိုးကြုံဖူးသည့် အမျိုးသမီးများလည်း မည်မျှ သောကဗျာပါဒရောက်ရသည်ကို သိကြပါလိမ့်မည်။

ကျွန်တော်တို့အနေဖြင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်သည်နှင့်အညီ မိမိတတ်စွမ်းသည့်ဘက်မှ နှုတ်၏ ဆောင်မခြင်း၊ လိုအပ်သည်ကို ကူညီဆောင်ရွက်ပေးခြင်းမှလွဲ၍ မစွမ်းနိုင်ပေ။

သူ၏ ခင်ပွန်းအတွက် သူထွက်ပြောသင့်ပြီလား၊ သူထွက်ပြောလိုက်မှ သူ့ခင်ပွန်းအပေါ် ပိုမိုကြီးလေးသော အပြစ်သက်ရောက်မှာကို တဖန်ပြန်တွေးရပြန်သည်။ ကျွန်တော်တို့အနေဖြင့်လည်း ကိုကျော်စိုးဦးအတွက် ဘာလုပ်သင့်သလဲ။ လုပ်လိုက်မှ ပိုရှုပ်သွားမည်လား။ ကာယကံရှင်မိသားစုဝင်များ စိတ်သောက ဖြစ်စေမည့် အလုပ်မျိုးကိုလည်း လုပ်ရန်မသင့်။ ကြားသိရသည့် သတင်းများအရ စိုးရိမ်ရန် မရှိကြောင်း သတင်းစကားကိုသာ ကိုကျော်စိုးဦး ၏ မိတ်ဆွေများအတွက် မျှဝေပေးနိုင်ပါသည်။

ကိုကျော်စိုးဦး ၏ ဇနီးနှင့်လည်း ယနေ့မနက် ဆွေးနွေးဖြစ်ပါသည်။ ဆွေးနွေးရန်ဟူသည်လည်း ကိုကျော်စိုးဦး ၏ ဇနီး၊ သူငယ်ချင်း၊ ကျွန်တော်တို့ (၃)ဦးသာ ဖြစ်ခဲ့သည့် သာဓကများ၊ ဖြစ်နေသည့်အခြေအနေကို ချိန်ထိုးစဉ်းစား၍ တွက်ဆကြည့်ရုံမျှသာ တတ်စွမ်းနိုင်၏။

ဆရာတော်ဦးဝါသဝ က ဖုန်းဆက်လာသဖြင့် ကိုကျော်စိုးဦး ၏ အမျိုးသမီးကိုလည်း အားပေးစကား မိန့်ကြားသွား၏။

ကိုကျော်စိုးဦး ၏ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ပရိတ်သတ်များ အားလုံးအတွက် ကိုကျော်စိုးဦး အတွက် စိုးရိမ်ရန် မရှိပါ ဟူသော ယနေ့ နံနက်ပိုင်းကြားသိရသည့် သတင်းစကားကိုသာ ထပ်မံ ပြောဆိုလိုပါသည်။

ကိုကျော်စိုးဦး ကို ကျွန်တော် သတိပေးခဲ့ဖူးသည်။ ကိုကျော်စိုးဦးလည်း ယနေ့အချိန်တွင် ကိုယ်တွေ့ ရင်ဆိုင်နေရပြီဖြစ်သဖြင့် တာဝန်ရှိတချို့၏ သဘောကို မျက်မြင်ထင်ရှား သိပေလိမ့်မည်။ 

သူတော်ကောင်းတို့ မည်သည် အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်ရသော်မှ အကောင်းဆုံး သင်ခန်းစာ ယူနိုင်ပါလိမ့်မည်။

တာဝန်ရှိသူများအနေဖြင့် စစ်ဆေးဆောင်ရွက်ပြီး မိသားစုထံ အမြန်ဆုံး ပြန်လည်စေလွှတ်ပေးရန်အတွက် ဝိုင်းဝန်းဆန္ဒပြု၊ မေတ္တာပို့၊ မေတ္တာရပ်ခံပေးကြပါရန်သာ တောင်းဆိုလိုပါ၏။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)