မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

 




မိုင်းယောင်း မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုကာ နေ့ဆွမ်းနှင့် တန်ဖိုးငွေ ကျပ်(၁)သိန်းခွဲရှိ ဆေး(၁)ဖာကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ဘိုးအုပ်စု၊ ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီရိမင်္ဂလာငြိမ်းအေးစေတီတော်၊ လျောင်းတော်မူဘုရား၊ ရွှေညောင်ပင်၊ နှစ်ထပ်ကျောင်းဆောင်၊ နဂါးရုံဘုရား တည်ထားကိုးကွယ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် တာကြန့်အုပ်စု၊ ဝမ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်(ကိုရင်လေး)အား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်နှင့် နဝကမ္မအလှူတော်ငွေ ကျပ်(၁)သိန်းကို ဆက်ကပ်လှူဒါန်းပြီး အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ရွှေညောင်ပင် တည်ထားမည့်နေရာနှင့် ပေပင်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)