စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းသွား လမ်းပိုင်းတွင် ပြည်သူ ၅၀ ဦးခန့်အား ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်းနှင့် မရွေးနိုင်သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းသွား လမ်းပိုင်းတွင် ပြည်သူ ၅၀ ဦးခန့်အား ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်းနှင့် မရွေးနိုင်သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၃၀

စစ်ကိုင်း-မင်းကွန်းသွား လမ်းပိုင်း၌ မတ်လ ၂၉ ရက်နေ့ ညနေခင်း လုပ်ငန်းမှ ပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့်ပြန်ရွေးခိုင်းခဲ့ကြောင်းနှင့် မရွေးနိုင်သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်း အမှားများအား တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ နေရာအချို့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်း အသုံးပြုသူ မိဘပြည်သူများ ယာဉ် အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်သူအချို့အား ဖမ်းဆီးထားသည် ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိ သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေမှစ၍ တရားမဝင် ပြည်ဖျက် မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းမျိုးစုံအား ဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ၍ ယုတ်မာ အောက်တန်းကျစွာဖြင့်   လုပ်ကြံဖန်တီးရေးသားခြင်းများ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိ ပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)