ကျောက်တံခါးမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ကျင်းပ




ကျောက်တံခါး မတ်၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို  ယမန်နေ့ (၉) နာရီအချိန်က အ-ထ-က (ကျောက်တံခါး) ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

                       ဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင်  အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံတက်ရောက်လာသော ဆရာ/ဆရာမများအနေဖြင့်  ယခုသင်တန်းတွင် မိမိတို့အခန်းလိုက် ပို့ချလိုက်သည့် သင်ခန်းစာများအား စနစ်တကျ လေ့လာမှတ်သားထားရန်နှင့်  ယခုသင်တန်းဖွင့်လှစ်ရခြင်းမှာ ဆရာ/ဆရာမ  သင်ကြားမှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၃၀) ကျောင်းမှ ဆရာ/ဆရာမ(၁၅၀၀)ဦး တက်‌ရောက်ပြီး  သင်တန်းနည်းပြများက မတ်(၂၅)မှ (၂၉)ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)