အမ်းမြို့နယ် လူထုအခြေ ပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေ ပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ



အမ်း - မတ် ၂၅

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး  

 လူငယ်အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကို ယ နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

      ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံ

ရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအ ရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူ ငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် ကျောင်း၊ရပ်ကွက်/ ကျေးရွာတို့၌ အခါအခွင့်သင့် ၍ ပြောဆိုခွင့်ကြုံလာပါက ပြောတတ်ဆိုတတ်စေရန်ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး

ဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပ ပေးခြင်းဖြစ်ကြောင်း

စာပေဆိုင်ရာအသိပညာပေးဟောပြော

ပွဲတွင် စာဖတ်သောလူငယ်များ၏အား

သာချက်၊အတွေးအခေါ်ရင့်ကျက်မှု၊ဖြန့်

ကျက်ပြီးတွေးတောနိုင်မှု၊ဝေဖန်ပိုင်းခြား

နိုင်မှု၊အသိပညာဗဟုသုတများရရှိမှု၊အ

သက်ငယ်ပေမဲ့ ပိုမိုရင့်ကျင့်လာမှု၊အမှားအမှန်ကိုခွဲခြားလာတတ်မှုများနှင့် လူတစ်ယောက်၏တန်ဖိုးအကြောင်းအရာ

များအားဆွေးနွေးပြောကြားခဲ့ရာစာပေမြတ်နိုးသူလူငယ်များမှ မောင်စောနေမာန်၊ မမိုးနှင်းဖြူ၊မစန္ဒာဦး၊မအေးအေး

နွယ်နှင့်မစန္ဒာအေး တို့ကသိရှိလိုသည်များမေးမြန်းခဲ့ရာမြို့နယ်ဦးစီးအရာရှိဦးစန်းဝင်း ကထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

     ထို့နောက်နံရံကပ်စာ စောင်ပြပွဲအားဆက် လက်ကျင်းပခဲ့ရာ ဦးစီးအရာရှိဦးစန်းဝင်းက လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ် ရေး ဥပဒေ၊ လူကုန်ကူးခြင်းဖြစ်လာနိုင်သည့် လူသစ်စု ဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေးအကြောင်းအရာများ၊ 

လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကိုဆန့်ကျင်ပြီး မှားသည့်လုပ်ရပ်တစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူး သူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေးအ ကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ရာ စာပေချစ်မြတ်နိုးသူလူငယ်များက လူကုန်ကူးမှုတားဆီးကာကွယ် ရေးအသိပညာပေး နံရံကပ်စာ စောင်ပါ အကြောင်းအရာများအား စိတ်ပါဝင် စားစွာလေ့ လာ ကြည့်ရှုကြခဲ့ကြောင်း

သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)