အုတ်ဖိုမြို့နယ်တွင် မီးဘေးသင့်ထောက်ပံငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်ဖိုမြို့နယ်တွင် မီးဘေးသင့်ထောက်ပံငွေပေးအပ်

 



အုတ်ဖို မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မတ်လ (၂၃) ရက်နေ့က ချောင်းခွ(ဂျီ) ကျေးရွာအုပ်စု၊ ဇီးဖြူကွင်းကျေးရွာတွင်ဖြစ်ပွားသော မီးဘေးမှ လောင်ကျွမ်းပျက်စီး လူနေအိမ်(၁)လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးသင့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိလူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၆၃၀၀) ကျပ်နှင့် အိမ်ထောင်စုတစ်စုအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ နှစ်ယောက်အိပ်ခြင်ထောင်၊ ဒန်အိုးအပါအဝင် စသည့်ပစ္စည်း (၁၆)မျိုးနှင့် စက္ကူကတ္ထူပုံး (၁)ပုံးတို့အား မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)