Pages

Pages

မင်းဘူး(စကု)မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ




မင်းဘူး မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် မောင်းမကန်ကျေးရွာ ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲများကို ယမန်နေ့  နေ့လယ် ၁ နာရီတွင် ကွင်းဆင်း၍ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဥပဒေ ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရခြင်းအကြောင်းရင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းသူတို့၏ ခံစားခွင့်နှင့် ဥပဒေ၊ နည်းဥပဒေနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တရားဝင်မဟုတ်သည့် သတင်းမီဒီယာသမားများ၏ ကောလာဟလသတင်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပြောကြားခြင်းကို မောင်မကန်ရေတွင်းကုန်း၊ ပေါက်ပင်တွင်းကျေးရွာများသို့ လှည့်လည်ကာ ကွင်းဆင်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment