Pages

Pages

ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

 


ကွန်ဟိန်း မတ် ၁၉

ကလေးငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြတ်လာစေပြီး ကလေးများ တီထွင်ဖန်တီးလိုစိတ် မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်  ၁၀ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အစိုးရမူလတန်းကြိုကျောင်းမှ ကလေးငယ် (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း  သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment