ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေး ဘုရားဖူး ရောက်ရှိခဲ့ပါက သဒ္ဒမ္မရံသီ ဂူဘုရားအတွင်းရှိ အေဒီ ၁၁ ရာစု နံရံပန်းချီများကို လေ့လာနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေ့လာရေး ဘုရားဖူး ရောက်ရှိခဲ့ပါက သဒ္ဒမ္မရံသီ ဂူဘုရားအတွင်းရှိ အေဒီ ၁၁ ရာစု နံရံပန်းချီများကို လေ့လာနိုင်



MNP  ၊ညောင်ဦး မတ် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး သဒ္ဒမ္မရံသီဂူဘုရားအတွင်း အေဒီ ၁၁ ရာစုတွင် ရေးဆွဲထားသည့် နံရံဆေးရေး ဗုဒ္ဓဆင်း တုတော်များကို လေ့လာနိုင်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

             သဒ္ဒမ္မရံသီဂူဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီများသည် အေဒီ ၁၁ ရာစုတွင် ရေးဆွဲခဲ့သည့် နံရံပန်းချီများဖြစ်ပြီး အရှေ့ဘက်မုခ်လှည့်ဂူဘုရား တစ်ဆူဖြစ်ကာ ဂူဘုရားအတွင်း ပလ္လင်တော်ပေါ်၌ အရှေ့ဘက်မျက်နှာမူထိုင်တော်မူဆင်းတုတော် တစ်ဆူတည်ထားပြီး မုခ်အဝင်ပေါက်အမိုးခုံးမှ အောက်ခြေအထိ နံရံဆေးရေးပန်းချီ ဗုဒ္ဓဆင်းတုတော် ပုံများ နေရာမလပ် ရေးဆွဲထားသည်ကို တွေ့ရှိလေ့လာနိုင်ကာ ထိုင်တော်မူ ဆင်းတုတော်၏ နောက်ဘက်ပလ္လင်တော်၌ မဟာဗောဓိပင်ကို ဆေးအစိမ်းရောင်၊ အညိုရင့်ရောင်တို့ဖြင့် ရေးဆွဲထားကာ ပလ္လင်တော်၏ နောက်ဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား မြင်းမိုရ်တောင်ခေါင်း အုံး၍ကြိမ်းနေဟန်၊ နံရံပန်းချီပုံနှင့် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် ပြုတော်မူဟန်တို့အား လက်ရာ မြောက်စွာ ရေးဆွဲထားသည်ကို လေ့လာကြည့်ရှုနိုင်သည်။

       သဒ္ဒမ္မရံသီဂူဘုရား၏ မြောက်ဘက်တွင် ရှင်အဇ္ဇဂေါဏဘုရား၊ အနောက်မြောက်ဘက်တွင် ဝိနည်းဓိုလ်ဘုရား၊ တောင်ဘက်တွင် ဘုရားသုံးဆူနှင့် အနောက်ဘက်တွင် မလာဖြစ်၊ မလုံးဖြစ် ဂူဘုရားတို့အား တဆက်တစပ်တည်း လေ့လာဖူးမြော်နိုင်ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)