MNP ၊ ဂွ မတ် ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေသည့်ကျောင်းသား၊ ကျောင်းသူများ အုပ်ထိန်းသူ မိဘဆရာများအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ ဆုံခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည် ။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက အ.လ.က(ခွဲ)ကင်းရုံး(၁)တွင် ရောက်ရှိနေသည့် ညောင်ချောင်းကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ အ.မ.က(မူလွန်)သိမ်တမံကျောင်း၌ ရောက်ရှိနေသည့် တောင်ပေါက်ကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ အ.လ.က(မြို့သစ်)ကျောင်း၌ ရောက်ရှိနေသည့် ဆပ်သွားကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း တွေ့ဆုံပြီး နေထိုင်စားသောက်ရေး၊သောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေး၊ကျန်းမာ ရေး၊ ကြို/ပို့ကိစ္စရပ်များအဆင်ပြေစေရေးအတွက် လိုက်လံကြည့်ရှုပြီး အစစအရာရာ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက်အားပေး စကားပြောကြားခဲ့ပြီးနောက် ကြက်ဥ၊ ပေါင်မုန့်၊
ပရီးမီးယားကော်ဖီမစ်၊ Royal-Dဘူး စသည့် စားသောက်ဖွယ်ရာများကို သက်ဆိုင်သူ အုပ်ထိန်းသည့်မိဘ/ဆရာများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment