Pages

Pages

လဟယ်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ


လဟယ် မတ် ၂‌၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် လဟယ်မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပီတာသိုင်ဆောမ်ဟမ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ၊ ရွှေ့ပြောင်းတောင်ယာစနစ်နှင့် တောမီးလောင်ကျွမ်းမှုအကြောင်းစသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်း (၄၀)ဦး၊ ကျန်းမာရေးဝန်ထမ်း (၈)ဦးတို့ တက်ရောက်ခဲ့ကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့‌ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment