Pages

Pages

ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ



ကသာ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်းပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်းကို လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ လက်တွေ့အသုံးချတတ်စေရန်၊ ပန်းချီပညာရပ် စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန်အတွက် အပတ်စဉ် စနေနေ့တိုင်း ဆန်းစစ်ချက်များ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မော်ဒယ်ပန်းချီပုံတူရေးဆွဲနည်း ပြိုင်ပွဲတွင် မူလတန်းအဆင့် သင်တန်းသား/သင်တန်းသူ (၅၂)ဦး၊ အလယ်တန်းအဆင့် သင်တန်းသား/ သင်တန်းသူ (၃၅)ဦး   စုစုပေါင်း (၈၇)ဦး တက်ရောက်ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။


ရဲလင်းထွန်း(ကသာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment