ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ရွှေတောင်မြို့နယ်အတွင်းရှိ နွေနှမ်း စိုက်ပျိုးမည့် တောင်သူ များနှင့် တွေ့ဆုံဆွေးနွေး ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ရွှေတောင်မြို့နယ်အတွင်းရှိ နွေနှမ်း စိုက်ပျိုးမည့် တောင်သူ များနှင့် တွေ့ဆုံဆွေးနွေး ပွဲကျင်းပ





ရွှေတောင်        မတ်- ၁၁


ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွန်မှာကြားချက်များနှင့်အညီ ပြည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( ခရိုင်စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ)ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များသည်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ( မြို့နယ် စိုက်ပျိုးရေး ၊မွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ကော်မတီပါဌာနဆိုင်ရာများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက   ဝါးတောကျေးရွာ ရွှေငါးကြင်းပေါ်ဘုရား ဓမ္မာရုံတွင် ဆည်ကြီးကုန်းဆည် ( ကျေးလက်ဆည်ထိန်းသိမ်းရေးကော်မတီမှထိန်းသိမ်းထားသည့်ဆည်)ရေဖြင့်  နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းအောင်က ပြည်ခရိုင်အတွင်း ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ၊ ရွှေတောင်မြို့နယ် ၊ ဝါးတောကျေးရွာအုပ်စု၊ဆည်ကြီးကုန်းဆည်ရေဖြင့် ဒေသခံတောင်သူများမှ နွေနှမ်းလျာထားဧက ( ၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များနှင့် သွင်းအားစု၊ မျိုးပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်မှ ရွှေတောင်မြို့နယ် ဝါးတောကျေးရွာအုပ်စုနှင့် မီးလောင်ကျေးရွာအုပ်စုများတွင် ဆည်ရေဖြင့် တတိယသီးနှံ နွေနှမ်းလျာထားဧက (၁၀၀) တိုးချဲ့စိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ တူးဖော်ဆောင်ရွက်မှုအခြေအနေများနှင့်ရေပေးဝေမှုအခြေအနေတို့အားရှင်းလင်းတင်ပြခဲ့သည်။တွေ့ဆုံပွဲသို့ ဒေသခံတောင်သူ ( ၇၈)  ဦးခန့်တက်ရောက်ခဲ့ပြီး ပြည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှ နွေနှမ်းစိုက်ပျိုးမည့်တောင်သူများသို့ မကွေးနှမ်းနက် ( ၁/ ၂၀၂၄) မျိုးများဖြန့်ဝေပေးခဲ့သည်။

      ဆက်လက်၍ ပြည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဝါးတောကျေးရွာအုပ်စု၊ဆည်ကြီးကုန်းဆည်သို့ သွားရောက်ပြီး ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားခဲ့သည့် ဆည်ကြီးကုန်းဆည် ရေပိုလွှဲနှင့် ရေပေးမြောင်းတည်ဆောက်ပြုပြင်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းဦးစီးဌာနနှင့် ကျေးလက်ဆည်ထိန်းသိမ်းရေးကော်မတီတို့အား လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များအပေါ် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)