စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

 




မုံရွာ မတ် ၂၃

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြ/ အုပ်ချုပ်သူများနှင့် ဆုရပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားအဆင့်အတန်း မြင့်မားရေးအတွက် ဘက်ပေါင်းစုံကနေ မြှင့်တင်ပေးလျှက်ရှိပြီး အဆင့်မြင့်အားကစားကွင်း/ အားကစားရုံများအနေဖြင့် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် Synthetic ပြေးလမ်း (၁) ခု၊ တောင်ဘက်ပွဲကြည့်စင် ၁ ခုနှင့် ဖူဆယ် ၁ ရုံ၊ စစ်ကိုင်းမြို့ နှစ် (၇၀၀) ကွင်းတို့တွင် Synthetic ပြေးလမ်း (၁) ခု၊ ဖူဆယ်ရုံနှင့် လက်ဝှေ့ရုံ ၁ ရုံစီတို့အား ထပ်မံတည်ဆောက်ပေးထားခဲ့ပြီး ထူးချွန်သောအားကစားသမားများ ပေါ်ပေါက်လာရေးအတွက် အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပေးခဲ့ကာ ပြိုင်ပွဲများမှ အရည်အချင်းရှိသည့် ထူးချွန်သော အားကစားသမားများအား ရွေးချယ်စုဖွဲ့စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အားကစားကို နိုင်ငံတော်အဆင့်မှနေပြီး ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပပေးပြီး ချီးမြှင့်မြောက်စားနေတာကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ တာဝန်ရှိသူများအနေနှင့် လိုအပ်ချက်များ အားဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပြီး အားကစားဆပ်ကော်မတီများနှင့် အားကစားသမားများမှလည်း စိတ်ရောကိုယ်ပါအားထုတ်ပြီး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်ကို အားကစားစွမ်းဆောင်မှုဖြင့် မြှင့်တင်ပေးခဲ့ကြသည့် အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြာင်းနှင့် ယခုရရှိထားသည့် အောင်မြင်မှုအဆင့်တွင် ရပ်တန့်မနေဘဲ လာမည့်ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့် နောင်နှစ်များအတွက် ယခုထက်ပိုမိုအောင်မြင်အောင် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုးမြှင့်တင်ပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဆုရပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်များက ပိုက်ကျော်ခြင်း (ကျား/မ) တံခွန်စိုက်၊ U 25 (ကျား) ပြေးခုန်ပစ် တံခွန်စိုက်၊ ဘက်စကက်ဘော (မ) 3x3 တံခွန်စိုက်၊ ဘက်ကက်ဘော (ကျား) 5x5 တံခွန်စိုက်၊ ဖိတ်ခေါ်ဘက်စကက်ဘော (မ) ရန်ကုန် တံခွန်စိုက်နှင့် ဖိတ်ခေါ်ဘက်စကက်ဘော (မ) မန္တလေးတံခွန်စိုက်ဆုများအားအပ်နှံကြပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/ နည်းပြ(၅၆)ဦးအတွက် ကိုယ်စားလှယ် ၂ ဦးနှင့် တံခွန်စိုက်ဆုရရှိခဲ့ကြသည် အားကစားအသင်းများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ်- ၄၅၃ သိန်း (လေးရာငါးဆယ်သုံးသိန်း) အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ/ ငွေ/ ကြေးဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဆုများရရှိခဲ့သည့် အုပ်ချုပ်/ နည်းပြ/ အားကစားသမားများကိုယ်စား ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြိုင်ပွဲအားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် စစ်ကိုင်းဒေသကြီးအနေဖြင့် ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ (၂၀)၊ ငွေ (၃၇)၊ ကြေး (၃၉) ပြေးခုန်ပစ်အမျိုးသား တံခွန်စိုက်ဖလား (၁)ခု၊ ပိုက်ကျော်ခြင်း အားကစားနည်းတွင် အမျိုးသားတံခွန်စိုက် (၁) ခုနှင့် အမျိုးသား/ အမျိုးသမီး စုပေါင်းတံခွန်စိုက် ဖလား (၁) ခု၊ ဘတ်စကက်ဘော အမျိုးသမီးတံခွန်စိုက်ဖလား (၂) ခု၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ကျင်းပခဲ့သည့်ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲများတွင် တံခွန်စိုက်ဆု(၂)ခု ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲများတွင် (၃) ဦးတွဲနှင့် (၅) ဦးတွဲတွင် တံခွန်စိုက်ဆုများ ရရှိခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်သိန်း- ၁၀၄၃ (တစ်ထောင်လေးဆယ်သုံးသိန်း) အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)