Pages

Pages

ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို





ညောင်ဦး မတ် ၂၉


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်ဦးမြို့၊ ပုဂံမြို့ဟောင်းရှိ ဇမ္ဗုဒီပသာသနာဗိမာန်တော်ကြီးတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မစရိယနှင့် ပါရာဇိကဏ်စာပေးပွဲကို နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအချိန်ထိ ဖြေဆိုသွားမည်ဖြစ်ပြီး  မတ်လ ၂၈ ရက်မှ ဧပြီ ၆ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကာ သံဃာတော်/ သီလရှင် (၄၀)ပါးတို့ ယနေ့စတင်ဖြေဆိုနေပြီဖြစ်ကာ ရဟန်း (၂၉)ပါး၊ သာမဏေ (၂) ပါး၊ သီလရှင် (၉) ပါးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ စာဖြေသံဃာတော်များ စာမေးပွဲ ဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ ဆွမ်း၊ ဆေး၊ အအေးများ နေ့စဉ်ကပ်လှူသွားမည်ဖြစ်ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment