ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြော၊ သရုပ်ပြသဆောင်ရွက်

 



ရွှေတောင် မတ် ၂၉

 ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိမြို့နယ် နှင့် ရပ်ကွက် / ကျေးရွာများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် (၀၉း၀၀)နာရီအချိန်က ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်မီးဘေးအသိပညာပေးဟောပြော၊သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

        ထိုသို့  ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ၏ လမ်းညွှန်မှု များကိုခံယူလျှက် ရွှေတောင်မြို့နယ်ဒုတိယ မီးသတ်ဦးစီးမှူး ဦးကျော်ကျော် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၀န်ထမ်းများအား မီးဘေးအသိပညာပေးဟောပြော၊သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း  သိရသည်။

  ဆက်လက်၍  မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ ငြှိမ်းသတ်သရုပ်ပြသခြင်းများအား ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၀န်ထမ်းများနှင့်အတူ လက်တွေ့ပူးပေါင်း ဆောင်ရွက် ဇာတ်တိုက်လေ့ကျင်လေ့ကျင့်ခြင်းများကိုပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါ ‌ မီးဘေးကြိုတင်ကာကွယ် ရေး ဟော ပြော သရုပ်ပြ ဆောင်ရွက်မှု မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ   ဒေါ်နန်းမြအေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)