ကြံခင်း၊ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်နယ်လုံးဆိုင်ရာ အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်မြတ်ကြီးတွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ တပေါင်းလပြည့် (တပေါင်းပွဲတော်နေ့) ယနေ့နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ရေစက်ချတရားတော်နာမင်္ဂလာအခမ်းအနားကို ကြံခင်းမြို့ အောင်ဓမ္မသိဒ္ဓိ ပြည်လုံးအေးစေတီတော်ဘုရားဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်လုံးဆိုင်ရာ အောင်ဓမ္မသိဒ္ဓိပြည်လုံးအေးစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက "နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝါယမဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ပရိတ်၊ ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ခဲ့သည်။
ထို့နောက် ဝါပကာလဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ကြွရောက်လာကြကုန်သော မြို့ပေါ်ကျောင်း (၃၈)ကျောင်းမှ ဆရာတော်၊ သံဃာတော် (၃၈)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူကြကြောင်း သိရသည်။
#News
No comments:
Post a Comment