ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲပြုလုပ်




ရန်ကင်း မတ် ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၁ နာရီအချိန်က အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်လှလှထွေးက ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဝေါဟာရများကို ကောင်းစွာနားလည်သိရှိစေရန်အတွက် ရည်ရွယ်ပြီးသင်တန်းများဖွင့်လှစ်ပေးခဲ့တာဖြစ်ကြောင်း၊ ဆက်လက်ပြီး နောက်လများမှာလည်း ကျောင်းသား၊ ကျောင်းသူများ အကျိုးရှိစေမယ့်သင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် တက်ရောက်စေလိုကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာဦးမြင့်မောင်က သင်တန်းများတက်ရောက်ခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကာလကို  မတ်လ  ၂၁  ရက်နေ့မှ  မတ်လ  ၂၈ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။


လှလှထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)