ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံကဗျာရေးဖွဲ့နည်းသင်တန်း ဆုပေးပွဲအခမ်းအနားကျင်းပ




ညောင်လေးပင် မတ် ၃၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံကဗျာရေးဖွဲ့နည်း သင်တန်းဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
​ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း နာယက ဒေါက်တာဦးမြင့်သန်း၊ ဒေါ်နီနီဝင်း ဦးစီးအရာရှိ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်တို့က အသီးသီး အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်း (မောင်စုမြင် -ညောင်လေးပင်)က သင်တန်း ဖွင့်လှစ်ခဲ့ခြင်းရည်ရွယ်ချက်နှင့် အကျိုးရလဒ်များအကြောင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားများက ဆရာမဒေါ်တင်ယုလွင် (တေးရတု-ညောင်လေးပင်) ရေးသားသော ကဗျာသင်တန်း ကဗျာကို သံပြိုင်ရွတ်ဆိုခြင်း၊ သင်တန်းသူတစ်ဦးက ကိုယ်တိုင်ရေးဖွဲ့ထားသော ကဗျာတစ်ပုဒ်အားရွတ်ဆိုခဲ့သည်။
ဆက်လက်၍ အထက်တန်းဆင့်ကဗျာရေးဖွဲ့နည်း ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုနှင့် အလယ်တန်းဆင့် ကဗျာရေးဖွဲ့နည်း ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများအား မြို့နယ်စာရေးဆရာအသင်း နာယကနှင့် အဖွဲ့ဝင်များမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသော ဝါသနာရှင်များနှင့် သင်တန်းသား/သူ(၃၂)ဦး စုစုပေါင်း(၇၀)ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။


See insights and ads
All reactions:
1

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)