အမ်း - မတ် ၁၂
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်အတွင်း ၂၀၂၄ ခုနှစ် G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်း သား/ကျောင်းသူ များ အင်္ဂလိပ်စာဘာ သာအား အေးချမ်းပျော်ရွှင်စွာဖြေဆို လျက်ရှိကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် G-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်အထက (၁) စာစစ်ဌာနတွင်စာရင်းရှိ (၁၇၀)ဦး၊ဖြေဆို (၂၃၁)ဦး၊ပျက်ကွက် (၉၅)ဦး၊ အထက(၂) စာစစ်ဌာနစာစစ်
ဌာနတွင်စာရင်းရှိ (၁၇၀)ဦး၊ဖြေဆို (၁၂၈) ဦး၊ပျက်ကွက်(၄၂)ဦး၊အထက (၃)စာစစ် ဌာနစာစစ်ဌာနတွင်စာရင်းရှိ (၂၈၀)ဦး၊ဖြေဆို (၂၃၀)ဦး၊ပျက်ကွက် (၅၀)ဦး၊၊ တပ်တောင်စာစစ်ဌာန (အမှု ထမ်း -၂) အထက(ခွဲ)တွင် စာရင်းရှိ (၂၁၈)ဦး၊ဖြေဆို (၈၉)ဦး၊ပျက်ကွက် (၁၂၉)ဦး၊စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၉၉၄) ဦး ရှိသည့်နက် ဒုတိ ယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူ (၆၇၈)ပျက်ကွက် (၃၁၆)ဦးရှိ၍ ဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁% ရှိကြောင်း၊ အထက ကမ်းထောင်း ကြီးစာစစ်ဌာန (မြောက်ပိုင်းရပ်ကွက် အလယ်တန်းကျောင်း)စာစစ်ဌာနတွင်စာရင်းရှိ (၃၆၁) ဦး၊ဖြေဆို (၁၉၃)ဦး၊ပျက်ကွက်(၁၆၈)ဦးနှင့်အထက ကမ်းနီစာစစ်ဌာန (အောက်ရွာကျေး ရွာ မူလွန်ကျောင်း)စာစစ်ဌာနတွင်စာရင်းရှိ (၆၉)ဦး၊ဖြေဆို (၁)ဦးပျက်ကွက် (၆၈) ဦးရှိိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကျောင်းသား/ကျောင်း သူများအေးချမ်း စွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ် ဆေးပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment