ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သဲကုန်းမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သဲကုန်းမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး


သဲကုန်း   မတ်  ၂၇

                  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မတ်လ(၂၇)ရက်နေ့က သဲကုန်းမြို့နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများကြည့်ရှုစစ်ဆေးခဲ့သည်။

                           ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကြို့ပင်သာကျေးရွာအုပ်စု၊ ကြို့ပင်သာကျေးရွာ၊ ရွှေညောင်ပင်လမ်း၊ အမှတ်(၂၂၅)ရှိ "အမေသီတာ"ပဲကြော်ပဲလှော်လုပ်ငန်းနှင့် ဆီစက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြို့ပင်သာကျေးရွာအုပ်စု၊ ဝက်ပုတ်ဈေးတန်းကျေးရွာရှိ “ထူးမွန်” ကျောက်ဖရုံယိုလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်

                ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အသေးစား၊အငယ်စားနှင့်အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ၊ ဒေသထွက်ထုတ်ကုန်လုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ လုပ်ငန်းရှင်များအတွက် လုပ်ငန်းလွယ်ကူစွာလုပ်ကိုင်နိုင်ရေး၊ အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရေး၊ မိမိဒေသ၏ထုတ်ကုန်လုပ်ငန်းများအဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်လုပ်သည့်စားသောက်ကုန်များ ဘေးကင်းလုံခြုံရေး အတွက် FDA ထောက်ခံချက်ရရှိရေး၊ စက်မှုကြီးကြပ်နှင့်လုပ်ငန်းလိုင်စင်ရရှိရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များပေါ်လမ်းညွှန် မှာကြားခဲ့သည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)