ရန်ကုန်မြို့ ဆူးလေဘုရားလမ်း လူကူးကုန်းကျော်တွင် PDF အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ ကလေးငယ်များအား ဆေးရုံကြီးတွင် ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ ဆူးလေဘုရားလမ်း လူကူးကုန်းကျော်တွင် PDF အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရ ကလေးငယ်များအား ဆေးရုံကြီးတွင် ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိ





ရန်ကုန်၊ မတ် ၂၇

ကျောက်တံတားမြို့နယ်၊ အမှတ် ၁ ရပ်ကွက် ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့် လူကူးကုန်းကျော်တံတားတွင် ယနေ့ ၁၉ ၄၀ ချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အပြစ်မဲ့ ကလေးငယ် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်း၊ တော်ဝင်လူကူးခုံးကျော်တံတားအနီး ဗုံးပေါက်ကွဲမှုကြောင့်  ဖြိုးထက်ပိုင်၊ (၁၇)နှစ် (ဘ)ဦးထွန်းထွန်းဝင်၊ ဗဟန်းမြို့နယ်ဝဲလက်ဖျံ၊ ဝဲလက်ဖဝါးစုတ်ပြဲ၊ ဖိုးသောကြာ (၁၆)နှစ် (ဘ)ဦးနေလင်း၊ လင်းစဒေါင်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ယာလက်ကောက်ဝတ်စုတ်ပြဲ၊ ယာရင်အုံစုတ်ပြဲ၊ ယာပေါင်ယာခြေသလုံးစုတ်ပြဲ(စိုးရိမ်ရ) ကျော်ကျော်(၁၄)နှစ်၊(ဘ)စိစစ်ဆဲ၊ ဦးခေါင်းဝဲဂျိုစောင်းစုတ်ပြဲ၊ ခြေခုံစုတ်ပြဲ၊ဖိုးလပြည့် (၁၁)နှစ် (ဘ)ဦးထွန်းထွန်းဝင်း၊ ဗဟန်းမြို့နယ်၊ ဝမ်းဗိုက်ပွန်း၊ စန်ဂျေပါး(၁၁)နှစ်(ဘ)ဦးအောင်နိုင်ထွန်း၊ ကမာကဆစ်ရပ်ကွက်၊ ဒလမြို့နယ်၊ ဝဲဘက်ရင်အုံ၊ ဝဲခြေသလုံးစုတ်ပြဲ ပါကျား (၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ရန်ကုန်ဆေးရုံကြီးသို့ ဒဏ်ရာရ ကလေးငယ်များ ဆေးကုသမှုခံယူရန်ရောက်ရှိလာခဲ့ရာ အရေးပေါ်ဌာန တာဝန်ကျဆရာဝန် ဒေါက်တာ လင်းမြတ်ကျော်နှင့် အဖွဲ့ကလိုအပ်သော ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


#News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)